Naturalization of Ex-Myanmar

Ex-Myanmar Citizen to Apply for a Myanmar Citizenship

(က)    အခြားနိုင်ငံသားအဖြစ် ခံယူထားသည့်  မြန်မာနိုင်ငံသားဟောင်းများ  မြန်မာနိုင်ငံသား  ပြန်လည်ခံယူရန် လျှောက်ထားခြင်းညွှန်ကြားချက်

–    အခြားနိုင်ငံသားအဖြစ် ခံယူထားသော မြန်မာနိုင်ငံသားဟောင်းများ မြန်မာနိုင်ငံတွင် ပြန်လည် နေထိုင် လိုပြီး၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားလိုပါက ကောင်စစ်ဝန်ချုပ်၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့သို့ လိပ်မူ၍ လျှောက်ထားရန် လိုအပ်ပြီး၊ လျှောက်လွှာတွင် အောက်ဖော်ပြပါ အချက်များကို  ပြည့်စုံစွာ ဖော်ပြပေးရန် လိုအပ်ပါသည်။
–    မြန်မာနိုင်ငံကူးလက်မှတ်အမှတ်၊ ထုတ်ပေးရက်စွဲ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား အမှတ်၊  မြန်မာနိုင်ငံတွင် နေထိုင်သည့်လိပ်စာ၊ မြန်မာနိုင်ငံရှိ မိဘ၊ ညီအစ်ကို မောင်နှစ်မနှင့် ဆွေမျိုးများ အမည်နှင့် နေရပ်လိပ်စာနှင့် ကိုယ်ရေးရာဇဝင် တို့ကိုဖြည့်စွက်တင်ပြရန် လိုအပ်ပါသည်။
–    မြန်မာနိုင်ငံတွင် နေထိုင်စဉ် လုပ်ကိုင်ခဲ့သည့် အလုပ်အကိုင်၊  မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် ဖြစ်စဉ်နှင့် အ‌မေရိကန်နိုင်ငံသို့ မ‌ရောက်မီ လှုပ်ရှား နေထိုင်ခဲ့မှုဖြစ်စဉ်များကို ဖော်ပြရန်။
–    အ‌မေရိကန်နိုင်ငံသို့ ရောက်ရှိနေထိုင်သည့်ဖြစ်စဉ်များကို ဖော်ပြပါရန်။
–    မြန်မာနိုင်ငံသားဖြစ်ခဲ့ကြောင်း အ‌ထောက်အထားများ (နိုင်ငံကူးလက်မှတ်၊ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ အိမ်ထောင်စုစာရင်း၊ ဘွဲ့လက်မှတ် စသည်များ) ပူးတွဲတင်ပြရန်။
–    အ‌မေရိကန်နိုင်ငံကူးလက်မှတ်မိတ္တူ၊ အ‌မေရိကန်နိုင်ငံသား မဖြစ်သေးသူများ Green Card မိတ္တူ၊ သို့မဟုတ်၊ ဗီဇာမိတ္တူများ ပူးတွဲတင်ပြရန်။ မြန်မာနိုင်ငံသား အဖြစ် ပြန်လည်ခံယူလိုသူသည် နိုင်ငံ(၂)နိုင်ငံ၏ နိုင်ငံသား (Dual Citizenship) ခံယူခွင့် မရှိသည့်အတွက် အခြားနိုင်ငံသားအဖြစ် ခံယူထားမှုအား စွန့်လွှတ် ကြောင်းနှင့် အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်ထားမှုမှ စွန့်လွတ် ကြောင်းကတိဝန်ခံချက်များ လက်မှတ်ရေးထိုးရန် လိုအပ်ပါသဖြင့် အဆိုပါ ကတိ ဝန်ခံချက်များအား လက်မှတ်ရေးထိုး၍ လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြပါရန်။


Ex-Myannmar-Application-Form