Myanmar Evangelical Christian Alliance (MECA) issues a statement

Nov 1, 2017 by

မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA)က သဘောထားထုတ်ပြန်

နိုဝင်ဘာ ၁၊ ၂၀၁၇

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဧ၀ံဂေလိ မဟာမိတ် အဖွဲ့ချုပ် (WEA) နှင့် အာရှဧ၀ံဂေလိ မဟာမိတ်အဖွဲ့ချုပ် (AEA) တို့၏ အသိအမှတ်ပြုခြင်းခံရသော မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) က သဘောထားထုတ်ပြန်ချက်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ယင်းသဘောထားထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများ၊ လူနည်းစု တိုင်းရင်းသားများနှင့် အပြစ်မဲ့ ပြည်သူအချို့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ ခြိမ်းခြောက်ခေါ်ဆောင်ခံရခြင်း၊ အတင်းအဓမ္မ ဘာသာကူးပြောင်းခံရခြင်း၊ နေရပ်စွန့်ခွာရခြင်းများအတွက် မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်အနေဖြင့် ပြင်းထန်စွာ ရှုံ့ချပါကြောင်းနှင့် ထိခိုက်နစ်နာ ဆုံးရှုံးသူ မိသားစုများ အားလုံးနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း။

ထို့ပြင် ပြည်ပ နိုင်ငံတကာ သတင်းမီဒီယာအချို့နှင့် နိုင်ငံအချို့တို့သည် သတင်းမှန်/ဖြစ်ရပ်မှန်များ ကို ထိန်ချန်မျက်ကွယ်ပြုကာ တစ်ဖက်သတ် သတင်းရေးသားဖော်ပြနေခြင်းများအပေါ် မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် မိမိတို့ ယုံကြည်ရာ ဘာသာတရားများအတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်လျက် ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင် လျက်ရှိသော နိုင်ငံဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို အခြေခံကာ နိုင်ငံတကာမှ နိုင်ငံတော်အစိုးရအား ကန့်သတ်ချုပ်ချယ် ဖိအားပေးစေခိုင်းခြင်းများသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်များကို ယင်းနိုင်ငံများကိုယ်တိုင် ဖောက်ဖျက် ကျူးလွန်နေသကဲ့သို့ ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်အနေဖြင့် စိုးရိမ်ပူပန်ခြင်းများ ဖြစ်ရပါကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သဘောတူ ချမှတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်များသည် နိုင်ငံတစ်နိုင်ငံ၊ လူသားမျိုးနွယ်တစ်စုအတွက် မဟုတ်ဘဲ လူသားတစ်ဦး၊ တစ်ယောက်စီတိုင်းအတွက် ရေးဆွဲချမှတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများတွင် အချို့သော ပြည်ပနိုင်ငံများတို့၏ အကာအကွယ်ပေးရပ်တည်မှုများသည် လူသား မျိုးနွယ်တစ်စုအတွက်သာ ဘက်လိုက်အကာအကွယ်ပေး ရပ်တည်နေပြီး၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများနှင့် အဖက်ဖက်မှ အကျိုးစီးပွားတိုးတက်ရေးများစွာတို့ကို လျစ်လျူရှုကာ တစ်ဖက်သတ် တားဆီးပိတ်ပင်နှောင့်ယှက်ခြင်း များသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ခံစားပိုင်ခွင့် လူ့အခွင့်အရေးများစွာ တို့ကို နှောင့်ယှက်တားဆီး ပိတ်ပင်နေခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ်အနေဖြင့် နိုင်ငံသားများအားလုံးကိုယ်စား ဝမ်းနည်းခံစားရပါကြောင်း။

ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေ အရပ်ရပ်တို့အား အကောင်းဆုံး ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ်အနေဖြင့် ယုံကြည်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ တတ်စွမ်းသမျှ ကြိုးစားအားထုတ် ဆောင်ရွက်မှုများကို အသိအမှတ်ပြု ထောက်ခံပါကြောင်း။

သို့ဖြစ်ပါ၍ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းနုနယ်သေးသည့် အချိန်ကာလတွင် နိုင်ငံတော်အစိုးရမှ တတ်စွမ်းသမျှကြိုးစားဆောင်ရွက်နေသော အခြေအနေအရပ်ရပ်အား အသိအမှတ်ပြု နားလည်ပေးခြင်းဖြင့် နိုင်ငံသားအားလုံး၏ ငြိမ်းချမ်းရေးနှင့်အကျိုးစီးပွားတိုးတက်ရာ ကောင်းကျိုးအတွက် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ်အနေဖြင့် မေတ္တာရပ်ခံလျက် သဘောထားထုတ်ပြန်အပ်ပါကြောင်း ဖော်ပြထားပါသည်။

 

Myanmar Evangelical Christian Alliance (MECA) issues a statement

November 1, 2017

Statement of Declaration
Date: October 25, 2017

Myanmar Evangelical Christian Alliance (MECA), recognized by World Evangelical Alliance (WEA) and Asian Evangelical Alliance (AEA), hereby issues the following statement.

1. Myanmar Evangelical Christian Alliance (MECA) strongly condemns the ARSA terrorist violence and is deeply saddened by the injury, death, threats, forced religious conversion, rape and other violations of all people in the Rakhine including minority ethnic groups.

2. Myanmar Evangelical Christian Alliance (MECA) deeply regrets the omission of accurate information and bias reporting by some international media outlets and by some countries.

3. The Republic of the Union of Myanmar is a country where people from different race and religion coexist and live peacefully, with the right to worship freely. Myanmar Evangelical Christian Alliance is deeply concerned about the international pressure place on the government with possible sanctions which make it seem like these countries themselves are violating the Universal Declaration of Human Rights.

4. The Universal Declaration of Human Rights proclaimed by the United Nations targets the individual and not a nation nor a particular race. The incident of Rakhine state has led to some countries taking a bias stand for an individual group. This kind of action, neglects the overall well-being of all ethnic and religious groups and their socio-economic development. Myanmar Evangelical Christian Alliance is deeply saddened on behalf of all nationals in Myanmar.

5. Myanmar Evangelical Christian Alliance believes that the government of Myanmar will do its best to find a solution to the current situation. Myanmar Evangelical Christian Alliance also acknowledges the government’s efforts and contribution for Myanmar.

6. Myanmar Evangelical Christian Alliance would like to request the international community to give consideration to the efforts being made by the government at a time when democracy is at its infancy, for the peace and welfare of all people in Myanmar and give support to its efforts.

Related Posts

Tags

Share This