Consulate Activities

ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်နှစ်ဆူ ကြွချီတော်မူ

Posted by on May 26, 2016 in CG Office | Comments Off on ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်နှစ်ဆူ ကြွချီတော်မူ

for FB (1)

for FB (2)

for FB (3)

 

20160525_113817

မြန်မာကောင်စစ်ဝန်ချုပ်မှ Asia Pacific Business Outlook 2016 သို့ တက်ရောက်ခဲ့သည့်ပုဂ္ဂိုလ်များအားတွေ့ဆုံ

Posted by on Apr 21, 2016 in CG Office | Comments Off on မြန်မာကောင်စစ်ဝန်ချုပ်မှ Asia Pacific Business Outlook 2016 သို့ တက်ရောက်ခဲ့သည့်ပုဂ္ဂိုလ်များအားတွေ့ဆုံ

လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် University of Southern California ၊ Marshall School of Business ၌ ကျင်းပပြုလုပ်သော Asia Pacific Business Outlook 2016 သို့ တက်ရောက်ခဲ့သည့် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ Senior Commercial Officer Mr. Manoj Desai၊ ဗန်ကောက်မြို့အခြေစိုက် The American Chamber of Commerce in Thailand ၏ Executive Director Ms. Judy A. Benn နှင့် ရိုးမဘဏ်၏ Head of Communications and Branding ဖြစ်သူ Mr. Nick Bruns တို့အား ၁၉-၄-၂၀၁၆ ရက်နေ့တွင် ကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုမှ ပိုမိုပါဝင်ဆောင်ရွက်လာနိုင်ရေးအတွက် အမြင်များဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် မြန်မာအမေရိကန်လူမျိုးများ ကွန်ယက်အသင်း (Network of Myanmar American Association –NetMAA) ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးသခင်ခိုင်ဘွားတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကောင်စစ်ဝန်ချုပ်အား လာရောက်၍ မိတ်ဆက်တွေ့ဆုံခဲ့ပါသည်

Posted by on Apr 20, 2016 in CG Office | Comments Off on ကောင်စစ်ဝန်ချုပ်အား လာရောက်၍ မိတ်ဆက်တွေ့ဆုံခဲ့ပါသည်

12694779_588634681286725_5354552739865298222_o

ကောင်စစ်ဝန်ချုပ်အား ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့အခြေစိုက်၊ Soncell NA Public Safety Company ၏ Chief Executive Officer ဖြစ်သူ Mr. Brian Brown နှင့် Vision Communication Co. ၏ Area Operation Manager ဖြစ်သူ Mr. Mike Than တို့သည် ကောင်စစ်ဝန်ချုပ်ရုံးသို့ ။ အဆိုပါတွေ့ဆုံပွဲ၌ Soncell NA Public Safety Company ကုမ္ပဏီမှ ထုတ်လုပ် ရောင်းချလျက်ရှိသည့် ပြည်သူ့လုံခြုံရေးဆိုင်ရာ နည်းပညာမြင့် ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ၎င်းတို့မှ ရှင်းလင်း ပြောကြားခဲ့ကြပြီး မြန်မာ့ဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။