Application Form for PPT Lost

Sep 2, 2016 by

Requirement: New Passport Application Form for Passport Lost

(က)    နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းအတွက် အသစ်လျှောက်ထားခြင်းအတွက် ညွှန်ကြားချက်
–    လျှောက်လွှာ(၄)စုံ
–    ပျောက်ဆုံးသည့်နိုင်ငံကူးလက်မှတ်၏မိတ္တူ(၄)စုံ
–    ကိုယ်ရေးရာဇဝင်(၄)စုံစီ
–    နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားစာ (Police Report)
–    အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ ၊သို့မဟုတ်၊ ဗီဇာ အ‌ထောက်အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အ‌ထောက်အထား(၄)စုံ
–    အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန်အကျေ‌ပေးဆောင်ထားသောပြေစာ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ပေးဆောင်ထားသော ပြေစာ)(၄)စုံ
–    မှီခိုသူဖြစ်ပါက မှီခိုသူဖြစ်ကြောင်း အ‌ထောက်အထားနှင့် မှီခိုခံရသူ၏ ဝင်ငွေခွန် အကျေ‌ပေးဆောင် ထားသောပြေစာ (၄)စုံ
–    ကျောင်းသားဖြစ်ပါက ကျောင်းတက်ကြောင်းအ‌ထောက်အထား(၄)စုံ
–    ရောင်စုံဓာတ်ပုံ(၅)ပုံ ( ၆ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံ အဖြူ) (ဓာတ်ပုံ (၄)ပုံစီအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန် )
–    ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
–    နိုင်ငံကူးလက်မှတ်ပျောက်ဆုံးဒဏ်ကြေး US$ 75 နှင့်နိုင်ငံကူးလက်မှတ်အသစ်ခ US$ 25
–    ငွေ‌ပေးသွင်းခြင်း  (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash  ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


2.-Application-Form-for-PPT-Lost

Related Posts

Tags

Share This