Application Form for New-born Child

Sep 2, 2016 by

Requirement for New -born Child

(ခ)    မြန်မာနိုင်ငံသားမိဘနှစ်ဦးမှ ‌မွေးဖွားလာသည့်ကလေးအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထား ခြင်းအတွက် ညွှန်ကြားချက်
–    လျှောက်လွှာ(၄)စုံ
–    မွေးစာရင်းမိတ္တူ(၄)စုံ
–    ကိုယ်ရေးရာဇဝင် (မိဘနှစ်ဦးနှင့် ကလေး)(၄)စုံစီ
–    ကလေးမိဘများ၏ လက်ထပ်စာချုပ်(၄)စုံ
–    မိဘများ၏ အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ ၊သို့မဟုတ်၊ ဗီဇာအ‌ထောက် အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အ‌ထောက်အထား(၄)စုံ
–    ကလေးအား  မြန်မာနိုင်ငံသားအဖြစ်  မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ရန် လျှောက်ထားကြောင်း မိဘနှစ်ဦးမှ ဝန်ခံကတိပြုစာ (၄)စုံ
–    မိဘများသည် အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန်အကျေ‌ပေးဆောင်ထားသောပြေစာ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ပေးဆောင်ထားသော ပြေစာ)(၄)စုံ
–    မိဘနှစ်ဦးနှင့် ကလေးတို့၏ ရောင်စုံဓာတ်ပုံ(၅)ပုံ ( ၆ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံ အဖြူ) (ဓာတ်ပုံ (၄)ပုံစီအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန် )
–    ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
–    နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 25)
–    ငွေ‌ပေးသွင်းခြင်း  (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash  ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


1.-Application-Form-for-New-born-Child

Related Posts

Tags

Share This