Application for New-born Child

Aug 13, 2016 by

(ခ)နိုင်ငံခြားသားမိဘတစ်ဦးနှင့် မွေးဖွားလာသည့် ကလေးများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လျှောက်ထားခြင်း ညွှန်ကြားချက်

မြန်မာနိုင်ငံသား မိခင်/ဖခင်တစ်ဦးနှင့် နိုင်ငံခြားသား မိခင်/ဖခင်တို့မှ မွေးဖွားလာသော က‌လေးအတွက် လျှောက်ထားနိုင်ပါသည်။  ဖခင်သည် နိုင်ငံခြားသားဖြစ်ပါက မိခင်မှ နိုင်ငံခြားသားခင်ပွန်း မှီခိုသူအဖြစ် အပြန် လေယာဉ်စရိတ်အာမခံ US$ 800 ကို ပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး၊ ပေးသွင်းပြီးပါက ပေးသွင်း ထားသည့် ပြေစာမိတ္တူနှင့်အတူ တင်ပြ‌လျှောက်ထားရပါမည်။ ကလေးအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) အားသက်တမ်း (၃)နှစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး၊ ယင်းက‌လေးသည် “မြန်မာနိုင်ငံ သား(သူ) ဖြစ်လာ ထိုက်ခွင့်ရှိသူ” “entitled to become a citizen of Myanmar” အဖြစ် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ်တွင် ဖော်ပြပေးမည်ဖြစ်ပါသည်။
–    လျှောက်လွှာ(၄)စုံ
–    မွေးစာရင်းမိတ္တူ(၄)စုံ
–    ကိုယ်ရေးပုံစံ (မိဘနှစ်ဦးနှင့် ကေလး)(၄)စုံ
–    ကလေးမိဘများ လက်ထပ်စာချုပ်(၄)စုံ
–    မိဘများ၏ အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ ၊သို့မဟုတ်၊ ဗီဇာအ‌ထောက် အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အ‌ထောက်အထား(၄)စုံ
–    ကလေးအား  မြန်မာနိုင်ငံသားအဖြစ်  မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ရန် လျှောက်ထားကြောင်း မိဘနှစ်ဦးမှ ဝန်ခံကတိပြုစာ (၄)စုံ
–     မြန်မာနိုင်ငံသား ဖခင်ဖြစ်သူသည် အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန်အေကျ ပေးဆောင်ထားသော ပြေစာ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ပေးဆောင်ထား သောပြေစာ )(၄)စုံ
–    မိဘနှစ်ဦးနှင့် ကလေးတို့၏ ရောင်စုံဓာတ်ပုံ(၅)ပုံ ( ၆ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံ အဖြူ) (ဓာတ်ပုံ (၄)ပုံစီအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန် )
–    ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
–   မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ခ (US$ 25)
–    မိခင်သည်  မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားသားခင်ပွန်းမှီခိုသူအဖြစ် အပြန် လေယာဉ် စရိတ်အာမခံ US$ 800 ကို ပေးသွင်းရန် (ပေးသွင်းပြီးဖြစ်ပါက ပေးသွင်းထားသည့် ပြေစာမိတ္တူပူးတွဲတင်ပြပါရန် )
–    ငွေ‌ပေးသွင်းခြင်း  (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash  ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


ci-application-for-new-born-child-form

Related Posts

Tags

Share This