7. Student (Application Form)

Sep 2, 2016 by

Requirement: Student PPT Renewal Form

(င)    ကျောင်းသားများ လျှောက်ထားရန် ညွှန်ကြားချက်
အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင် တက်ရောက်နေသာ  ကျောင်းသား များ လျှောက်ထားနိုင်ပါသည်။
–    လျှောက်လွှာ
–    နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (စာရွက်အလွတ်များ မိတ္တူကူးရန်မလိုပါ)
–    ကိုယ်ရေးရာဇ၀င်
–    ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံအဖြူ ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇ၀င်တွင် ကပ်ပေးပါရန်)
–    ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထားသော ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ် ပါသည်။)
–    အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ၊ သို့မဟုတ်၊ ဗီဇာ အ‌ထောက်အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အ‌ထောက်အထား
–    ကျောင်းသားဖြစ်ကြောင်း သက်ဆိုင်ရာကျောင်းမှ ထောက်ခံစာ
–    သက်တမ်းရှိ ကျောင်းသားကတ်ပြားမိတ္တူနှင့် I-20 ရှိပါက မိတ္တူ
–    နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 25)
–    ငွေ‌ပေးသွင်းခြင်း  (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash  ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ၀င်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း  (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


7.-Student-Application-Form

Related Posts

Tags

Share This