5. Over-validity (Application Form)
Requirement: Over-validity PPT Renewal Form
(ဆ) သက်တမ်းကျော်လွန်ခြင်း၊ သက်တမ်းပြတ်တောက်နေသာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ လျှောက်ထားရန် ညွှန်ကြားချက်
သက်တမ်းကျော်လွန်ခြင်း၊ သက်တမ်းပြတ်တောက်နေသော နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သက်တမ်းတိုး အသစ်ပြန်လျှောက်သည့်ကိစ္စရပ်များအား ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်ရည်ညွှန်းပေးပို့၍ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပါ၍ ကြိုတင်လျှောက် ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ခွင့်ပြုချက် ရရှိမှသာ နိုင်ငံကူး လက်မှတ်အသစ်ထုတ်ပေးမည်ဖြစ်ပါသည်။
– လျှောက်လွှာ(၄)စုံ
– နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (၄)စုံ
– ၀င်ငွေခွန်အား ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ကျေပွန်စွာ ပေးဆောင်ရန်
– နိုင်ငံကူးလက်မှတ် သက်တမ်းကျော်လွန်ခြင်း၊ သက်တမ်းပြတ်တောက်ခြင်းအတွက် ဒဏ်ကြေးမှာ (၁)နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅.၀၀နှုန်းဖြင့် တွက်ချက်၍ ပေးဆောင်ရန်
– ကိုယ်ရေးရာဇ၀င်(၄)စုံ
– ရောင်စုံဓာတ်ပုံ(၅)ပုံ (၆ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံအဖြူ) (ဓာတ်ပုံလေးပုံအား ကိုယ်ရေးရာဇ၀င်တွင် ကပ်ပေးပါရန်)
– ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုး မြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
– အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ၊ သို့မဟုတ်၊ ဗီဇာ အထောက်အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား(၄)စုံ
– နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 25)
– ငွေပေးသွင်းခြင်း (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash ဖြင့်ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ၀င်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
– စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)
Over-validity PPT Renewal Form