4. Myanmar Citizen’s Dependent (Application Form)

Sep 2, 2016 by

Requirement: Myanmar Citizen’s Dependent PPT Renewal Form

(ခ)    အလုပ်လုပ်ကိုင်သူ  မြန်မာနိုင်ငံသားအား မှီခိုသူ မိသားစုဝင်များ လျှောက်ထားရန် ညွှန်ကြားချက်
အလုပ်လုပ်ကိုင်သူ  မြန်မာနိုင်ငံသားအား မှီခိုသူ မိသားစုဝင်(conjugal family)ဟု ဆိုရာတွင် ယင်းအလုပ်လုပ်ကိုင်သူ၏ ဇနီး၊ အတူနေ သား(အသက်၂၁နှစ် နှင့်အောက်)၊ သမီး (အသက်၂၅နှစ် နှင့်အောက်)၊ အတူနေ မိဘများ (အသက်၆၀နှင့် အထက်)ကို သတ်မှတ်ပါသည်။
–    လျှောက်လွှာ – နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များ မိတ္တူကူးရန်မလိုပါ)
–    အလုပ်လုပ်ကိုင်သူ၏ ၀င်ငွေခွန်အေကျေပးဆောင်ထားသောပြေစာ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ အထိ ၀င်ငွေခွန် ပေးဆောင်ထားသောပြေစာ )
–    ကိုယ်ရေးရာဇ၀င်
–    ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံအဖြူ ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇ၀င်တွင် ကပ်ပေးပါရန်)
–    ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထားသော ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ် ပါသည်။)
–    အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ၊ သို့မဟုတ်၊ ဗီဇာ အ‌ထောက်အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အ‌ထောက်အထား
–    အလုပ်လုပ်ကိုင်သူ၏ မိသားစုဝင်ဖြစ်ကြောင်း အ‌ထောက်အထား (လက်ထပ်စာချုပ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
–    နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 25)
–    ငွေ‌ပေးသွင်းခြင်း  (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash  ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ၀င်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း  (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


4.-Myanmar-Citizen’s-Dependent-Application-Form

 

Related Posts

Tags

Share This