2. PPT Type Change (Application Form)

Sep 2, 2016 by

Requirement: PPT Type Change Application Form

(က)နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲခွင့် လျှောက်ထားခြင်း ညွှန်ကြားချက်
ကျောင်းသားအဖြစ်မှ အလုပ်လုပ်ကိုင်သူအဖြစ်သို့လည်းကောင်း၊ အလုပ်လုပ်ကိုင်သူအဖြစ်မှ ကျောင်းသားအဖြစ်သို့လည်းကောင်း၊ အလုပ်လုပ်ကိုင်သူအဖြစ်မှ မှီခိုသူအဖြစ်သို့ လည်းကောင်း၊ မှီခိုသူအဖြစ်မှ အလုပ်လုပ်သူအဖြစ်သို့လည်းကောင်း၊ သင်္ဘောသားအဖြစ်မှ ကုန်းပေါ်တွင် အလုပ်လုပ်ကိုင်သူ အဖြစ်သို့လည်းကောင်း နိုင်ငံကူးလက်မှတ် အမျိုးအစား များအား ပြောင်းလဲလျှောက်ထားနိုင်ပါသည်။
–    လျှောက်လွှာ(၄)စုံ
–    နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ(၄)စုံ
–    သင်္ဘောသားဖြစ်ပါက CDC မူရင်းနှင့် မိတ္တူ(၄)စုံ
–    ကိုယ်ရေးရာဇဝင်(၄)စုံ
–    အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြား ရောင်စုံမိတ္တူ ၊ သို့မဟုတ်၊ ဗီဇာ အ‌ထောက် အထား၊ သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အေထာက်အထား(၄)စုံ
–    အလုပ်လုပ်ကိုင်သူအဖြစ် ပြောင်းလဲခွင့် လျှောက်ထားပါက အလုပ်ခန့်စာမူရင်းနှင့်  အလုပ်စတင်လုပ်ကိုင်သည့်နေ့မှစတင်၍ ပေးဆောင်ရမည့်ဝင်ငွေခွန် (Money Order သီးခြားပေးပို့ပါရန်)
–    ကျောင်းသားအဖြစ်ပြောင်းလဲခွင့် လျှောက်ထားပါက ကျောင်းမှ ထောက်ခံစာနှင့် ကျောင်းသားကတ် ပြားမိတ္တူ(၄)စုံ
–    မှီခိုသူအဖြစ် ပြောင်းလဲခွင့် လျှောက်ထားပါက မည်သူ့အား မှီခိုကြောင်း ဖော်ပြ၍ ၎င်း၏ ဝင်ငွေခွန် အကျေပေးဆောင်ထားသောပြေစာမိတ္တူ(၄)စုံ
–    သင်္ဘောသားမှ ကုန်းပေါ် အလုပ်လုပ်ကိုင်သူအဖြစ် လျှောက်ထားပါက  ဖြစ်ပါက ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ SECD မှ သတ်မှတ်ထားသော သင်္ဘောသား လစာနှုန်းထားပေါ်တွင် ဝင်ငွေခွန် ၁၀% ပေးဆောင်ခဲ့သော ပြေစာနှင့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ပေးဆောင်ခဲ့သည့်ပြေစာ(၄)စုံ
–    ရောင်စုံဓာတ်ပုံ(၅)ပုံ ( ၆ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံ အဖြူ)(ဓာတ်ပုံလေးပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
–    ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါသတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
–    နိုင်ငံကူးလက်မှတ်အသစ်ခ US$ 25
–    ငွေ‌ပေးသွင်းခြင်း (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ်၊ Cash ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို PPT Type Change Application Form ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ အပြန်လေယာဉ်စရိတ်တို့ကို MO/Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope) များ တစ်ပါတည်း ထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.



PPT Type Change Application Form

 

Related Posts

Tags

Share This