2. Foreigner (Application Form)

Sep 2, 2016 by

Requirement: Foreigner’s Dependent PPT Renewal Form

(ဃ)    နိုင်ငံခြားသားအား မှီခိုသူ သားသမီးနှင့် မိဘများ လျှောက်ထားရန် ညွှန်ကြားချက်
နိုင်ငံခြားသားအား မှီခိုသူ သားသမီးနှင့် မိဘများဟု ဆိုရာတွင် အတူနေ သား(အသက်၂၁နှစ် နှင့်အောက်)၊ သမီး (အသက်၂၅နှစ် နှင့်အောက်)၊ အတူနေ မိဘများ (အသက်၆၀နှင့်အထက်)ကို သတ်မှတ်ပါသည်။
–    လျှောက်လွှာ
–    နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များ မိတ္တူကူးရန်မလိုပါ)
–    ကိုယ်ရေးရာဇ၀င်
–    ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံအဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇ၀င်တွင် ကပ်ပေးပါရန်)
–    ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထားသော ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
–    အ‌မေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ၊ သို့မဟုတ်၊ နေထိုင်ခွင့် ဗီဇာ အ‌ထောက် အထား
–    မှီခိုခံရ‌သော နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်မိတ္တူ၊ သို့မဟုတ်၊ နိုင်ငံသား ခံယူထားသည့် လက်မှတ်မိတ္တူနှင့် ၎င်းမှ မှီခိုသူ မိသားစုဝင်အား အ‌မေရိကန်နိုင်ငံ၌ ရောက်ရှိစဉ်အတွင်း နေထိုင်စားသောက်စရိတ်များအား တာဝန်ယူကြောင်းစာ (ယင်းစာအား နိုထရီပြုလုပ်၍ တင်ပြရန် )
–    မှီခိုခံရ‌သော နိုင်ငံခြားသား၏ မိသားစုဝင်ဖြစ်ကြောင်း အ‌ထောက်အထား (လက်ထပ်စာချုပ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
–    နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 25)
–    ငွေ‌ပေးသွင်းခြင်း  (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ် Cash  ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ ၀င်ငွေခွန်တို့ကို MO/Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း  (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန်အတွက် ကျသင့်တန်ဖိုး ပေးချေ ပြီးဖြစ်သော အပြန် စာအိတ် (Return Envelope) များ တစ်ပါတည်းထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


2.-Foreigner-Application-Form

Related Posts

Tags

Share This