1. Name Add in PPT (Application Form)

Sep 2, 2016 by

Requirement: Name Add in PPT   Application Form

နိုင်ငံကူးလက်မှတ်တွင် အမည် ဖြည့်စွက်ခြင်း ညွှန်ကြားချက်
– လျှောက်လွှာ(၄)စုံ
– နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (၄)စုံ
– ကိုယ်ရေးရာဇဝင်(၄)စုံ
– အမည်ဖြည့်စွက်ခြင်းနှင့် စပ်လျဉ်းသည့် အ‌ထောက်အထားမိတ္တူ (၅)စုံ
– အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ ၊သို့မဟုတ်၊ ဗီဇာအ‌ထောက် အထား ၊သို့မဟုတ်၊ အလုပ်လုပ်ကိုင်ခွင့် အ‌ထောက်အထား(၄)စုံ
– အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန် အကျေပေးဆောင်ထားသောပြေစာ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ပေးဆောင်ထားသောပြေစာ )(၄)စုံ
– မှီခိုသူဖြစ်ပါက မှီခိုသူဖြစ်ကြောင်း အ‌ထောက်အထားနှင့် မှီခိုခံရသူ၏ ဝင်ငွေခွန် အကျေ‌ပေးဆောင် ထားသောပြေစာ (၄)စုံ
– ကျောင်းသားဖြစ်ပါက ကျောင်းတက်ကြောင်းအ‌ထောက်အထား(၄)စုံ
– ရောင်စုံဓာတ်ပုံ(၅)ပုံ ( ၆ လအတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံ အဖြူ)(ဓာတ်ပုံလေးပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
– အမည်ဖြည့်စွက်ခြင်းအတွက် ကျသင့်ငွေ (US$ 25)
– ငွေ‌ပေးသွင်းခြင်း (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ်၊ Cash ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ အပြန်လေယာဉ်စရိတ်တို့ကို MO/Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရန်)
– စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope) များ တစ်ပါတည်း ထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.



Name Add in PPT Application Form1

 

Related Posts

Tags

Share This