1. Foreign Husband (Application Form)

Sep 2, 2016 by

Requirement: Foreign Husband’s Dependent PPT Renewal Form

(ဂ)နိုင်ငံခြားသားအား ခင်ပွန်း၏ မှီခိုသူအဖြစ် လျှောက်ထားရန် ညွှန်ကြားချက်

နိုင်ငံခြားသားခင်ပွန်းနှင့် လက်ထပ်ထားသော  မြန်မာအမျိုးသမီးများအား နိုင်ငံခြားသား ခင်ပွန်း၏ မှီခိုသူအဖြစ် သတ်မှတ်ပါသည်။
–    လျှောက်လွှာ
–    နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များ မိတ္တူကူးရန်မလိုပါ)
–    ကိုယ်ရေးရာဇ၀င်
–     ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂” x ၂”၊ နောက်ခံ အဖြူ )(ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
–     ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ် ထားသော ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
–    အ‌မေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ၊ သို့မဟုတ်၊ နေထိုင်ခွင့် ဗီဇာ အ‌ထောက်အထား
–    နိုင်ငံခြားသားခင်ပွန်း၏ နိုင်ငံကူးလက်မှတ်မိတ္တူ၊ သို့မဟုတ်၊ နိုင်ငံသား ခံယူထားသည့် လက်မှတ်မိတ္တူ နှင့် လက်ထပ်စာချုပ်မိတ္တူ
–     အပြန်လေယာဉ်စရိတ်အာမခံငွေ (Return Airfare) US$ 800
(နိုင်ငံခြားသားနှင့် လက်ထပ်ထားသော  မြန်မာအမျိုးသမီးများ ဒုက္ခအခက်အခဲများ ရင်ဆိုင်ရပါက ထုတ်ယူသုံးစွဲနိုင်ရန် အာမခံငွေအဖြစ် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးသွင်းထားရန် လိုအပ်ပါသည်။  မြန်မာနိုင်ငံသို့ အပြီးပြန်လည်နေထိုင်သည့်အခါ တွင် လည်းကောင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူသွားသည့်အခါတွင်လည်းကောင်း  ပြန်လည်ထုတ်ပေးမည်  ဖြစ်ပါသည်။ )
–     နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 25)
–    ငွေ‌ပေးသွင်းခြင်း (ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order ၊ သို့မဟုတ်၊ Cashier Check ၊သို့မဟုတ်၊ Cash ဖြင့်‌ပေးသွင်းရန်၊ Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရန်၊ နိုင်ငံကူးလက်မှတ်အသစ်ခ၊ အပြန်လေယာဉ်စရိတ်တို့ကို MO/Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရန်)
–    စာပို့စနစ်ဖြင့် ပေးပို့ခြင်း (USPS/FedEx/UPS တို့ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ နိုင်ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက  ပြန်လည်ပေးပို့နိုင်ရန် အတွက် ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope) များ တစ်ပါတည်း ထည့်သွင်းပေးရန်)


Photocopied photographs are NOT accepted.


1.-Foreign-Husband-Application-Form

Related Posts

Tags

Share This