မြန်မာကောင်စစ်ဝန်ချုပ်မှ Asia Pacific Business Outlook 2016 သို့ တက်ရောက်ခဲ့သည့်ပုဂ္ဂိုလ်များအားတွေ့ဆုံ

Apr 21, 2016 by

လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် University of Southern California ၊ Marshall School of Business ၌ ကျင်းပပြုလုပ်သော Asia Pacific Business Outlook 2016 သို့ တက်ရောက်ခဲ့သည့် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ Senior Commercial Officer Mr. Manoj Desai၊ ဗန်ကောက်မြို့အခြေစိုက် The American Chamber of Commerce in Thailand ၏ Executive Director Ms. Judy A. Benn နှင့် ရိုးမဘဏ်၏ Head of Communications and Branding ဖြစ်သူ Mr. Nick Bruns တို့အား ၁၉-၄-၂၀၁၆ ရက်နေ့တွင် ကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုမှ ပိုမိုပါဝင်ဆောင်ရွက်လာနိုင်ရေးအတွက် အမြင်များဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် မြန်မာအမေရိကန်လူမျိုးများ ကွန်ယက်အသင်း (Network of Myanmar American Association –NetMAA) ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးသခင်ခိုင်ဘွားတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Related Posts

Tags

Share This