Jul 19, 2017 by

လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်စိုးဝင်းသည် Los Angeles Rotary Club မှ LA5 Myanmar Water Project ဥက္ကဋ္ဌ ဖြစ်သူ Dr. Walker Riley နှင့်အဖွဲ့အား ကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် LA5 Rotary Club မှ Mr. J T Warring က ဦးစီးဦးရွက်ပြုကာ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် စီမံကိန်းများနှင့် ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ LA5 Rotary Club ၏ Myanmar Water Project အနေဖြင့် မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးဂေဟာများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ကျေးရွာများတွင် လက်ရှိအချိန်ထိ ရေသန့်ဖြန့်ဖြူးရေးစနစ် (၅၄)ခုအား တည်ဆောက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရပါသည်။

Related Posts

Tags

Share This